Jesus4Burmese: Helping Missionaries Share Good News Anywhere in Myanmar (Burma)

 

In Myanmar, many people want to know about God. But it's hard to reach them because of where they live and the languages they speak. Jesus4Burmese is here to help. It's an app that gives missionaries tools to talk about Jesus, even in places with no internet. It's also made in Burmese, so everyone can understand.

Breaking Down Barriers: Jesus4Burmese is special because it works offline. This means missionaries can use it in places where there's no internet. They can go deep into the jungle or far into the villages. No matter where people are, they can hear about Jesus.

No More Language Problems: Myanmar has many different languages. But Jesus4Burmese speaks the language of the people. It has Bible verses, stories, and lessons all in Burmese. This way, everyone can understand and learn about Jesus.

Helping Missionaries: Missionaries need tools that work everywhere. Jesus4Burmese has everything they need. It helps them share the good news, teach people about Jesus, and lead prayers and worship. With this app, missionaries can do their job better.

Join Us: Let's work together to spread the good news in Myanmar. Whether you're a missionary, a pastor, or a believer, Jesus4Burmese is here to help. Download it now from the Google Play Store and be part of something amazing.

Jesus4Burmese is a great tool to share Jesus with people in Myanmar. It works offline, speaks their language, and helps missionaries do their job better. Let's use this app to bring hope and love to every corner of Myanmar.

 

But what if I don't have android phone? Well two things you can do;
1. Buy one- android phone is cheap. If you can invest in worldly things why not for God?
2. You can install this app in your windows laptop or desktop through the software called bluestacks 5.

WATCH THE TUTORIAL HERE:

Here is some lessons from www.gospel.net

ယေရှု၏ဧဝံဂေလိတရားကို | Gospel in Burmese


သမ္မာကျမ်းလာသတင်းစကား-ကျေးဇူးပြု၍အောက်ပါတို့ဖတ်ပါ။

ကမ္ဘာ ၁း၁  အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏။
ရော ၃း၂၃ အဘယ်ကြောင့်နည်းဟူမူကား၊ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ။
ယော ၈း၃၄  ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏ကျွန်ဖြစ်ကြ၏။

ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းခဲ့သည်။ သို့သော်ကျွန်ုပ်တို့သည်သူ့အားမသိသဖြင့်ကျွန်ုပ်၏
အပြစ်ရှိသောသဘောသဘာဝအရဘုရားသခင်နှင့်ကျွန်ုပ်တို့ကွာဝေးခဲ့ရပါသည်။ ဘုရားသခင်မပါသော
ကျွန်ုပ်တို့၏ဘ၀များသည်အဓိပ္ပါယ်မဲ့၊ရည်ရွယ်ချက်မဲ့ပါသည်။ ကျွန်ုပ်တို့အပြစ်၏အကျိုးဆက်(ပေးဆပ်
တန်ဖိုး)မှာကိုယ်ရောဝိညာဉ်ရေးရာပါသေဆုံးခြင်းဖြစ်ပါသည်။ ကိုယ်ခန္တာပိုင်းဆိုင်ရာသေဆုံးခြင်း
ဆိုသည်မှာကိုယ်ခန္တာပုတ်သိုးခြင်းဖြစ်သည်။ ကျွန်ုပ်တို့အပြစ်များရှိလျက်သေဆုံးသွားပါကဘုရားသခင်
နှင့်ထာဝရခွဲခြားခြင်းခံရမည်ဖြစ်ပြီးငရဲတွင်အဆုံးသတ်ခြင်းခံရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်များမှ
ကိုယ့်ကိုယ်ကိုကယ်တင်ပြီးဘုရားသခင်ထံပြန်လာမည်နည်း။ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုကယ်တင်၍မရ
ပါ။ အကြောင်းမှာအပြစ်ရှိသောသူတစ်ယောက်သည်မိမိကိုယ်ကိုမည်သို့ကယ်တင်မည်နည်း။ (ဥပမာ
အနေဖြင့်ရေနှစ်နေသောသူသည်မိမိကိုယ်ကိုမည်သို့ကယ်တင်နိုင်မည်နည်း။) အခြားသူများသည်လည်း
အပြစ်ရှိသောသူများဖြစ်သဖြင့်ကျွန်ုပ်တို့အားကယ်ဆယ်ရန်မဖြစ်နိုင်ပါ။ (ဥပမာရေနှစ်သောသူတစ်ဦး
သည်အခြားရေနှစ်သောသူကိုမကယ်တင်နိုင်ပါ။ နှစ်ဦးစလုံးအကူအညီလိုအပ်ပါလိမ့်မည်။) ကျွန်ုပ်တို့
အနေဖြင့်အပြစ်မရှိသောသူတစ်ဦး(ရေမနှစ်သောသူ) မှလာရောက်၍ကျွန်ုပ်တို့၏အပြစ်များမှကယ်ဆယ်
ရန်လိုအပ်ပါသည်။ အပြစ်မရှိသောသူသာလျှင်ကျွန်ုပ်တို့အားကယ်တင်နိုင်ပါမည်။ ဤအပြစ်ရှိသော
ကမ္ဘာကြီးတွင်အပြစ်မဲ့သောသူတစ်ဦးဦးကိုမည်ကဲ့သို့တွေ့ရှိနိုင်ပါမည်နည်း။

ရော ၆း၂၃ အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင် ပေးတော်မူသော ဆုကျေးဇူး တော်ကား၊ ငါတို့သခင် ယေရှုခရစ်အားဖြင့် ထာဝရအသက် ပေတည်း။
ယော ၃း၁၆ ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။
မ ၁း၂၃ ဗျာဒိတ်တော်အချက်ဟူမူကား ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓွေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့်မှည့်ရလတံ့ ဟုလာသတည်း။ ဧမာနွေလအနက် ကား၊ ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်ဟုဆိုလိုသတည်း။
ယော ၈း၂၃ ယေရှု ကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။
မာ ၁း၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း ဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။
ယော ၈း၁၆ ထိုကြောင့် သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ် ကြလိမ့်မည်။
ယော ၃း၃ ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူ မည်သည်ကား၊ ဘုရာသခင်၏နိုင်ငံတော်ကို မမြင်ရဟု ငါအမှန်အကန် ဆိုသည်ဟု ပြန်၍မိန့်တော်မူ၏။
ယော ၁း၁၂ ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။

ကျွန်ုပ်တို့အားဖန်ဆင်းပြီးအလွန်တရာချစ်တော်မူသောဘုရားသခင်ထံတွင်အဖြေရှိပါသည်။ သူ၏
ကြီးမားလှသောမေတ္တာတော်ကြောင့်ကျွန်ုပ်တို့ထံသို့ကျွန်ုပ်တို့၏အပြစ်များအတွက် အသေခံရန်သူ၏
ကိုယ်ပိုင်သားတော်ကိုစေလွှတ်ခဲ့ပါသည်။ ခရစ်တော်သည်ကမ္ဘာမြေကြီးမှမဟုတ်သဖြင့်သူသည်အပြစ်
ကင်းမဲ့ပါသည်။ ထို့အပြင်ကမ္ဘာပေါ်တွင်ရောက်ရှိစဉ်မကောင်းဆိုးရွားများ၏အပြစ်သို့သွေးဆောင်
ဖြားယောင်းခြင်းများကိုဖြတ်ကျော်နိုင်ခဲ့ပါသည်။ သူ၏ဘ၀သည်ကောင်းကင်ဘုံရှိဘုရားသခင်ကိုစိတ်
ကျေနပ်စေခဲ့ပါသည်။ ခရစ်တော်သည်ကျွန်ုပ်တို့၏အပြစ်များကိုယူဆောင်ကာကျွန်ုပ်တို့၏အပြစ်များ
အတွက်ကားတိုင်ပေါ်တွင်အသေခံခဲ့ပါသည်။သူသည်ကျွန်ုပ်တို့၏အသက်များကိုကယ်တင်သူတစ်ဦးဖြစ်
ပါသည်။(ခရစ်တော်သည်ကျွန်ုပ်တို့အားကယ်တင်နိုင်ပါသည်။အကြောင်းမှာသူသည်ရေနှစ်နေသူတစ်ဦး
မဟုတ်ပေ။)ခရစ်တော်ကားတိုင်ပေါ်တွင်သေဆုံးရခြင်း၏ရည်ရွယ်ချက်မှာကျွန်ုပ်တို့၏အပြစ်များအတွက်
အဖိုးအခကိုပေးရန်ဖြစ်ပါသည်။ ဤနည်းအားဖြင့်ကျွန်ုပ်တို့ထံမှအပြစ်များကိုနှုတ်ယူကာဘုရားနှင့်ကျွန်ုပ်
တို့၏ပျက်စီးသွားသောဆက်ဆံရေးကိုပြန်လည်ယူဆောင်လာပေးပါသည်။ ကျွန်ုပ်တို့သည်ဘုရားသခင်
၏တန်ခိုးတော်အားဖြင့်ဝိညာဉ်ရေးရာသေဆုံးခြင်း(ဘုရားသခင်ထံမှဝေးကွာခြင်း) မှပြန်လည်အသက်ရှင်
လာကြပါသည်။ ဤဆက်ဆံရေးကိုနောက်တစ်ဖန်မွေးဖွားခြင်းဟုခေါ်ကြပါသည်။ ဤအရာသည်
ကျွန်ုပ်တို့အားဖန်ဆင်းခဲ့ရခြင်း၏ ရည်ရွယ်ချက်၊တည်ရှိနေခြင်းအစရှိသည်တို့ကိုပြန်လည်ရရှိစေပြီး
အသက်ရှင်နေထိုင်ခြင်း၏အဓိကအဓိပ္ပါယ်နှင့်ရည်ရွယ်ချက်ကိုပေးပါသည်။

ယော ၁၁း၂၅ ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်း အကြောင်းဖြစ်၏။  ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
ရော ၆း၉ သေခြင်းတရား သည် နောက်တဖန်ကိုယ်တော်ကို မအုပ်စိုးရသည်ကိုထောက်သော်၊ ငါတို့သည် ခရစ်တော်နှင့် အတူသေလျှင်၊ ထိုသခင်နှင့်အတူရှင်လိမ့်မည်ဟု သဘောရှိကြ၏။
တ ၂း၂၄ ထိုသူကို သေခြင်းဝေဒနာသည် အစဉ်ချည်နှောင်ချုပ်ကိုင်၍မဖြစ်နိုင်သည်နှင့်၊ ထိုဝေဒနာကိုဘုရားသခင်သည် ချွတ်ပယ်၍ ထမြောက်စေတော်မူပြီ။
ရော ၁၄း၉ အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသောသူတို့ကို၎င်း၊ ရှင်သော သူတို့ကို၎င်း၊ အစိုးရသောအရှင်ဖြစ်စေလိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏။
တ ၁း၁၁ အိုဂါလိလဲလူတို့၊အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက် နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့ဟုပြောဆို၏။

မည်သည့်အရာတို့သည်ခရစ်တော်ကျွန်ုပ်တို့အပြစ်များအတွက် အသေခံခြင်းစွန့်လွှတ်မှုသည်
ကောင်းကင်ဘုံရှိဘုရားသခင်ကိုကျေနပ်မှုရှိနေသည်ကို သက်သေပြနေသနည်း။ သက်သေမှာ
ဘုရားသခင်အားဖြင့်ခရစ်တော်သည်သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခဲ့ခြင်းဖြစ်ပါသည်။ ပြန်လည်
ရှင်ပြန်ထမြောက်ခြင်းအားဖြင့်ခရစ်တော်သည်သေခြင်းကိုအောင်မြင်ခဲ့ကြောင်း( သို့မဟုတ် တနည်း
အားဖြင့် သေခြင်းသည်ခရစ်တော်ကိုမလွန်ဆန်နိုင်ကြောင်း)ကိုသက်သေပြနေပါသည်။ ထို့ကြောင့်
ယခုတွင်ခရစ်တော်အသက်ရှင်ခြင်းကြောင့်ကျွန်ုပ်တို့အားလုံးလည်း အသက်ရှင်နေရခြင်းဖြစ်ပါသည်။
ကျွန်ုပ်တို့အတွင်းရှိသူ၏အသက်သည်ကျွန်ုပ်တို့အားအသက်ကိုပေးနေပါသည်။ထို့အပြင်သူသည်ရှင်ပြန်
ထမြောက်ခဲ့သဖြင့်ယနေ့အချိန်အထိအသက်ရှင်နေဆဲဖြစ်ပါသည်။

ယော ၅း၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူသော သူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင် ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။
ယော ၁၀း၉ ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ်မည်။
ယော ၁၄း၆ ယေရှုက၊ ငါသည်လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။
ယော ၈း၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု ငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်ဟု မိန့်တော်မူ၏။
တ ၄း၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရုသည် ထိုသူတို့အား မြွက်ဆို၏။
ရော ၁၀း၁၃ အကြောင်း မူကား၊ ထာဝရဘုရား ကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတံ့။
ရော ၁၀း၁၁ ကယ်တင်ခြင်း သို့ရောက်ခြင်းငှါ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ထိုကျောက်ကို အမှီပြုသောသူမည်သည်ကား၊ ရှက် ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။
ရော ၂း၁၁ ဘုရားသခင်သည် အဘယ်သူ၏ မျက်နှာကိုမျှ မှတ်တော်မမူ။
ရော ၃း၂၂ ယေရှုခရစ်ကို ယုံကြည်ခြင်း အားဖြင့်၊ ယုံကြည်သောသူအပေါင်းတို့အဘို့ဖြစ်၍၊ ထိုသူအပေါင်းတို့အပေါ်သို့ ရောက်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်း တရားသည်ထင်ရှားခဲ့ပြီ။ ခြားနားခြင်း အလျှင်းမရှိ။
ရော ၁၀း၉ အဘယ်သို့နည်း ဟူမူကား သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

ကျွန်ုပ်တို့၏အပြစ်များကိုဖယ်ထုတ်ပြီးဘ၀အသစ်ကိုမည်သို့ရရှိနိုင်မည်နည်း။ ခရစ်တော်ကိုကျွန်ုပ်တို့၏
ဘုရားသခင်နှင့်ကယ်တင်ရှင်အနေဖြင့်ယုံကြည်ခြင်းအားဖြင့်ရရှိပါမည်။ အကယ်၍ကျွန်ုပ်တို့သည်
ကျွန်ုပ်တို့၏အပြစ်ရှိသောပုံစံများကိုနောင်တရပြီးခရစ်တော်ကို ကျွန်ုပ်တို့အားခွင့်လွှတ်ရန်ကယ်တင်ရန်
ခေါ်ခဲ့ပါကသူသည်ကျွန်ုပ်တို့ကိုလုပ်ပေးမည်ဖြစ်ပါသည်။ ခရစ်တော်သည်ကျွန်ုပ်တို့အပြစ်များအတွက်
ကမ္ဘာမြေကြီးသို့လာရောက်ကာအသေခံခဲ့သောဘုရား၏သားတော်ဖြစ်ပါသည်။ ခရစ်တော်ကိုယုံကြည်
သောကမ္ဘာသားအားလုံးသည်ဘုရားသခင်ထံမှခွင့်လွှတ်မှုကိုရရှိပြီးကျွန်ုပ်တို့အပြစ်များမှကယ်တင်ခြင်းခံ
ရကာဘုရားသခင်ထံမှဘ၀သစ်ကိုရရှိမည်ဖြစ်ပါသည်။ ဘုရားသခင်သည်ဘက်လိုက်မှုမရှိပေ။ ကျွန်ုပ်တို့
နေထိုင်ရာနေရာ၊ကျွန်ုပ်တို့ပြောသောဘာသာစကား၊ချမ်းသာခြင်း၊ဆင်းရဲခြင်း၊အမျိုးသားသို့မဟုတ်အမျိုး
သမီး၊အသက်ငယ်၊အသက်ကြီးသို့မဟုတ်အခြားသောကိုယ်ခန္တာပိုင်းဆိုင်ရာမတူညီမှုများကိုသူဂရုမထား
ပေ။ ခရစ်တော်ကိုယုံကြည်၍အပြစ်ဝန်ခံသောမည်သူမဆိုသည်ကယ်တင်ခြင်းခံရမည်ဖြစ်ပါသည်။
အကယ်၍ခရစ်တော်နောက်ကိုလိုက်လိုသည်ဟုသင်ဆုံးဖြတ်ခဲ့ပါက အောက်ပါဆုတောင်းချက်အတိုင်း
သင်ဆုတောင်းနိုင်ပါသည်။

ကောင်းကင်ဘုံ၌ရှိတော်မူသောဘုရားသခင်၊ကျွန်ုပ်၏အပြစ်များအတွက် အသက်သေခံကာ
ကျွန်ုပ်ကိုကယ်တင်၍ကောင်းကင်ဘုံမှအသက်တာအသစ်ကိုပေးတော်မူသော ကိုယ်တော်၏တစ်ဦး
တည်းသောသားတော်ကိုပေးခဲ့သည့်အတွက်ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏အပြစ်များအတွက်
နောင်တရပြီးထိုအပြစ်များအတွက်ခွင့်လွှတ်တော်မူပါ။ ခရစ်တော်ကိုယုံကြည်ပြီးခရစ်တော်အား
ဘုရာသခင်ကယ်တင်ရှင်အဖြစ်လက်ခံပါပြီ။ ဤအသက်တာအသစ်တွင်ကိုယ်တော်ကိုကျေနပ်
အားရစေနိုင်ပါမည့်အကြောင်းကူညီပြီးလမ်းပြတော်မူပါ။ အာမေ

အကယ်၍သင်သည်အထက်ပါဆုတောင်းချက်ကိုဆုတောင်းပြီးလျှင် ဘုရားသခင်ထံသို့သင်သွားရမည့်
ဘုရားကျောင်းကိုပြသတော်မူပါရန်ဆုတောင်းပါ။ဆုတောင်းချက်အားဖြင့် ဘုရားသခင်နှင့်ပုံမှန်စကား
ပြောပါ။ ဘုရားသခင်သည်သင်နှင့်စကားပြောပါလိမ့်မည်။ ဘုရားသခင်၏စကားသံကိုနားထောင်ပါ။
ဘုရားသခင်သည်သင့်အားလမ်းပြပါလိမ့်မည်။ သူသည်သင့်အားချစ်၍သင့်အားဂရုစိုက်ပါလိမ့်မည်။
သင်သည်သူ့အားယုံကြည်နိုင်ပါသည်။ သူအားယုံကြည်သောသူများကိုဘယ်သောအခါမျှစိတ်မပျက်စေ
ပေ။ ဘုရားသခင်သည်ကောင်းမွန်တော်မူပါသည်။ သူ့အားယုံကြည်စိတ်ချနိုင်ပါသည်။ သင်၏
အသက်တာအတွက်သူ့အားမှီခိုအားကိုးနိုင်ပါသည်။ သင်၏လိုအပ်ချက်များကိုသူ့ထံသို့ယူဆောင်လာ
နိုင်ပါသည်။ သင့်ကိုဂရုစိုက်ပြီးကောင်းချီးမင်္ဂလာများချပေးသနားပါလိမ့်မည်။ ဘုရားသခင်က “ငါသည်
သင့်ကိုမစွန့်၊သင့်ကိုအလျှင်းပစ်မထား”ဟုဂတိတော်ပေးထားပါသည်။ ဘုရားသခင်ကိုယုံကြည့်ပါ။
ခရစ်တော်သခင်ယေရှူးအားဖြင့်ကောင်းချီးမင်္ဂလာခံစားရပါလိမ့်မည်။

ကျမ်းစာကိုရှင်ယောဟန်ခရစ်ဝင်မှစကာပုံမှန်ဖတ်ပေးပါ။ အင်တာနက်အရင်းအမြစ်များပိုရလိုပါကအောက်ပါတို့ကိုနှိပ်ပါ-

ဤနေရာကိုကလစ်နှိပ်ပါ

 

Write a comment

Comments: 0